Sunday, December 20, 2009

နိုင်ငံရေး

ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊ အိမ်တစ်အိမ်ဟာ..နိုင်ငံပဲပေါ့ကွာ
ဖေဖေက အိမ်အတွက်...ပိုက်ဆံရှာတဲ့သူဆိုတော့ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေနဲ့ အိမ်မှုကိစ္စတွေကို စီမံခန့်ခွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။
 ဟော..အိမ်မှာခိုင်းထားတဲ့ အိမ်ဖော်ကတော့ အလုပ်သမားပေါ့ကွာ။
 ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊
ရှင်းရဲ့လားသား ဒါဟာ နိုင်ငံရေးပဲ "

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည် ဗိုက်ဆာသောကြောင့်...တရေးနိုးလာလေသည်။
မီးဖိုသို့သွား၍ စားစရာ တစုံတရာရှာဖွေရာ..ဘာမှမတွေ့ ချေ။

ထိုစဉ်ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။ ထို့ ကြောင့် သူသည် သူ့အဖေ နှင့် အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။

သို့ဖြစ်၍ မောင်ဖြူစင်လေး သည်မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေး၏ အခန်းသို့ဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖခင်ကိုတွေ့လိုက်ရလေသည်။

နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။

" ပြည်သူက...ဗိုက်ဆာလို့သေမတတ်ဖြစ်နေချိန်မှာ အရင်းရှင်က အလုပ်သမားကိုအနိုင်ကျင့်နေပါတယ်။ တစ်နိုင်ငံလုံးဖြစ်ချင်တိုင်းဖြစ်ပျက်နေတာတောင် အစိုးရကတော့ ဇိမ်နဲ့ အိပ်နေတာ....ပဲ၊၊
အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပါပဲ "

**************************
မှတ်ချက်။ အမည်မသိစာရေးသူ

No comments:

Post a Comment